စိတ်ဝင်စားမှု အများဆုံး

ခါချဉ်ဥသုတ်လုပ်နည်း

ချဉ်ချဉ်ဆိမ့်ဆိမ့်နှင့် ထူးခြားသောအရသာကို စိတ်ဝင်စားတဲ့ မိတ်ဆွေတွေအတွက် ခါချဉ်ဥသုတ်လုပ်နည်းကို ဝေမျှပေးလိုက်ပါတယ်။ ခါချဉ်ဥသုတ်လို့ ပြောလ...

Tuesday, October 22, 2019

ပဲစောင်းလျားသီးသုပ်လုပ်နည်း

ထူးထူးဆန်းဆန်းအစားအစာ၊ အရသာမျိုးရှိတဲ့  ဓနုအစားအစာတစ်မျိုးလေးကို ဝေမျှ ပေးလိုက်ပါတယ်နော်။မိတ်ဆွေတို့ ကြို က်နှစ်သက်ကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။

ပါဝင်သောပစ္စည်းတွေကတော့....................................................................................................................

(၁) ပဲစောင်းလျားသီး

(၂) မြေပဲ

(၃) သံပုရာသီး

(၄) ဆား

(၅) အသားမှုန့် (သို့မဟုတ်) အချို မှုန့်

အရင်ဆုံး ပဲစောင်းလျားသီးကို ရေဆေးပြီး ပါးပါးလေးလှီးထားလိုက်ပါ။

ပြီးတော့ မြေပဲကို မီးမီးလေးဖြင့် လှော်ထားပြီး ငရုတ်ဆုံထဲ ထည့်ထောင်းထားလိုက်ပါ။

နောက်ပြီး ပါးပါးလှီးထားသော ပဲစောင်းလျားသီးကို ဇလုံထဲထည့်၊ ထောင်းထားသောမြေပဲထည့်၊ သံပုရာသီးထည့်၊ ဆားထည့်၊ အသားမှုန့်(သို့မဟုတ်) အချို မှုန့်ထည့်ပြီးသုတ်လိုက်ပါ။ အရသာရှိတဲ့ ပဲစောင်းလျားသုတ်ကို ရရှိပါပြီ။

*********************************************************************************

Snow Nu ရဲ့ Blog လေးကို လာရောက်ကြည့်ရှု့ပေးတဲ့ ကျေးဇူးတင်ပါတယ်။ နောက်ထပ်လည်း ဟင်းချက်နည်းအမျိုးမျိုးကို ထပ်ပြီးတင်ပေးအုန်းမှာမို့ ထပ်မံလာရောက်ပေးဖို့လည်း ဖိတ်ခေါ်ပါရစေ။

*********************************************************************************


Sunday, September 15, 2019

ငါးသံပုရာပေါင်းလုပ်နည်း



လူတိုင်းနီးပါး နှစ်သက်ကြတဲ့ ငါးသံပုရာပေါင်း ချက်နည်းလေးကို ပြောပြပေးချင်ပါတယ်။ သိပြီးသား သူတွေ အတွက်ကတော့ ကျော်သွားလို့ရပါတယ်။ မသိသေးတဲ့ သူတွေအတွက် ရည်ရွယ်ပါတယ်။

ပါဝင်သောပစ္စည်းတွေကတော့....................................................................................................................

(၁) စလားဗီးယားငါး (သို့မဟုတ်) ကကတစ်ငါး

(၂) ကြက်သွန်ဖြူ

(၃) ငရုတ်သီးစိမ်း

(၄) နံနံပင်

(၅) ဂျ င်း (သို့မဟုတ်) စပါးလင်

(၆) သံပုရာသီး

(၇) ပဲငံပြာရည်

(၈) ကြက်သားမှုန့်

(၉) သကြား (သို့မဟုတ်) အချို မှုန့်

(၁၀) ရေ

အရင်ဆုံး ငါးကို သန့်စင်ထားပါ။ ဂျင်းကို ထောင်းထားပါ။ ( ကျွ န်မတော့ ဂျင်းကိုပဲ သုံးထားပါတယ်။)

ပြီးတော့ သန့်စင်ထားသော ငါးပေါ်မှာ ထောင်းထားသောဂျင်းကို အရည်ညစ်ချလိုက်ပါ။ ပြီးရင် မိနစ် ၂၀ ခန့်ပေါင်းထားလိုက်ပါ။ ပေါင်းပြီး ငါးမှထွက်လာသော အရည်များကို သွန်ပစ်ပါ။ ( အညှီနံများ ပါသွားပါလိမ့်မည်။)

နောက်ပြီး ဒယ်အိုးတစ်ခုထဲကို ရေထည့်၊ ကြက်သားမှုန့်ထည့်၊ သကြား (သို့မဟုတ်) အချို မှုန့်ထည့်၊ ငံပြာရည်ထည့်၊ ကြက်သွန်ဖြူ  နှင့် ငရုတ်သီးတို့ကို ထောင်းပြီးထည့် ဆူလာတဲ့အထိ တည်ထားပါ။ ကြက်သွန်ဖြူ  နှင့် ငရုတ်သီး အနံ့မွှေးလာသည်အထိ တည်ပါ။ ငရုတ်သီး အနံ့မွှေးလာရင် မီးဖိုကို ပိတ်ပြီး သံပုရာသီးကို ညစ်ထည့်ပါ။ ( ချဉ်မချဉ်မြည်းကြည့်ပြီး သံပုရာသီးကို လိုသလောက်ထည့်ပါ။)

ပြီးရင်တော့  နံ့နံ့ပင်၊ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူ တို့ကို ဆတူငရုတ်ဆုံထဲ ထည့်ထောင်းပါ။ ပြီးရင် ပေါင်းထားသောငါးပေါ်မှာ ထောင်းထားသော နံ့နံ့ပင်၊ ငရုတ်သီး၊ ကြက်သွန်ဖြူ တို့ကို အုပ်ထားလိုက်ပါ။

နောက်ပြီး ပြုလုပ်ထားသော အရည်ကို ပေါင်းထားသော ငါးပေါ်ကို ဆမ်းလိုက်ပါ။

အရသာရှိရှိ ငါးသံပုရာပေါင်းကို သုံဆောင်နိုင်ပါပြီ။

*********************************************************************************

Snow Nu ရဲ့ Blog ကို ၀င်ရောက်ကြည့်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။နောက်ထပ်လည်း ဟင်းချက်နည်းအမျိုးမျိုးကို ထပ်ပြီး တင်ပေးအုန်းမှာမို့ ထပ်မံလာရောက်ပေးဖို့လည်း ဖိတ်ခေါ်ပါရစေနော်။

နောက် Post တစ်ခုမှာ ထပ်တွေ့မယ်နော်။


Wednesday, August 28, 2019

ပဲပုတ်၊ ပင်စိမ်းကြော်နည်း



ဓနုလူမျိုးတွေကတော့ ပဲပုတ်ကို အမျိုးမျိုးလုပ်စားကြပါတယ်။ဓနုလူမျိုးတွေရဲ့အကြိုက်ဆုံးအစားအစာဆိုလည်း မမှားပါဘူး။ ဒီတစ်ခါတော့ ပဲပုတ်၊ ပင်စိမ်းကြော်နည်းလေးကို ဝေမျှပေးလိုက်ပါတယ်။
ပါဝင်သောပစ္စည်းတွေကတော့………………………………………………………………………..
(၁) ပဲပုတ်
(၂) ငရှတ်သီးစိမ်း
(၃) ပင်စိမ်း
(၄) ဆား
(၅) အသားမှုန့် (သို့မဟုတ်) အချိုမှုန့်
အရင်ဆုံး ပဲပုတ်ချပ်ကို ငရုတ်ဆုံထဲထည့်ပြီး ထောင်းလိုက်ပါ။(မီးဖုတ်စရာမလိုပါဘူး)
ပြီးရင် ငရုတ်သီးကိုလည်း ထောင်းထားလိုက်ပါ။
နောက်ပြီး ပင်စိမ်းကိုလည်း ကူးထားပြီးရေဆေးထားလိုက်ပါ။
ပြီးရင်တော့ မီးအေးအေးလေးဖြင့် မီးဖိုပေါ်ဒယ်အိုးကိုတင်လိုက်ပါ။ ပြီးရင် ဆီထည့်၊ ပဲပုတ်ထည့်၊ ငရုတ်သီးထောင်းထည့်၊ ပင်စိမ်းထည့်ပြီးရင်တော့ ခဏကြာ(ငါးမိနစ်လောက်) ကြော်ရင် ရပါပြီ။
အရသာရှိတဲ့ ပဲပုတ်၊ ပင်စိမ်းကြော်နည်းလေးကို ရရှိသွားပါပြီ။

*********************************************************************************

Snow Nu ရဲ့ Blog  လေးကို ၀င်ရောက်ကြည့်ရှုပေးလို့ ကျေးဇူးတင်ပါတယ်။ဓနုဟင်းလျာကို လေ့လာချင်တဲ့

မိတ်ဆွေတွေအတွက်  Snow Nuရဲ့ Blogကို ထပ်မံဝင်ရောက်ပေးဖို့ ဖိတ်ခေါ်ပါတယ်။

*********************************************************************************


Sunday, August 18, 2019

သက်သတ်လွတ်ဓနုပိန်းဥဟင်းချက်နည်း



သက်သတ်လွတ် အစားအစာကို ကြိုက်တဲ့ သူတွေအတွက် အရသာလည်းရှိပြီး ချက်ရတာမပင်ပန်းစေဘဲနဲ့ လူမျိုးမရွေးစားသုံးလို့ရတဲ့ ဓနုပိန်းဥဟင်းချက်နည်းကို တင်ပေးလိုက်ပါတယ်။

ပါဝင်တဲ့ပစ္စည်းကတော့...............................................................................................................................
(၁) ပိန်းဥ
(၂) မြေပဲ
(၃) ရေ
(၄) ကြက်သွန်နီ
(၅) ကြက်သွန်ဖြူ
(၆) ခရမ်းချဉ်သီး
(၇) ဆား
(၈) နနွင်းမှုန့်
(၉)အသားမှုန့် (သို့မဟုတ်) အချို မှုန့်

အရင်ဆုံး မီးဖိုပေါ်ကို ဒယ်အိုးတင်လိုက်ပါ။ တင်ထားသောဒယ်အိုးထဲ ရေကိုလိုသလောက်ထည့်လိုက်ပါ။

ပြီးရင် ရေထည့်ထားသောဒယ်အိုးထဲမှာ နနွင်းမှုန့်ကို နည်းနည်းလောက်ထည့်လိုက်ပါ။

ပြီးရင်တော့ ကြက်သွန်ဖြူ ကိုလည်း အခွံခွာပြီး ထောင်းထည့်လိုက်ပါ။ကြက်သွန်ဖြူ အသေး တစ်လုံးခွဲလောက်ထည့်လိုက်ပါ။

ပြီးရင် ကြက်သွန်နီအလုံးလတ်နှစ်လုံးလောက် အခွံခွာပြီး ပါးပါးလှီးထည့်လိုက်ပါ။

ပြီးရင် မြေပဲစေ့ နှစ်ဆယ်ငါးစေ့လောက် ထောင်းပြီးထည့်လိုက်ပါ။

ပြီးရင် ခရမ်းချဉ်သီးကိုလည်း နှစ်လုံးလောက် ပါးပါးလေးလှီးပြီး ထည့်လိုက်ပါ။

ပြီးရင်လည်း ဆားနှင့် အသားမှုန့် (သို့မဟုတ်) အချို မှုန့်ကို တစ်ခါတည်းထည့်လိုက်ပြီး ရေဆူလာတဲ့အထိ စောင့်လိုက်ပါ။

နောက်ဆုံး ရေဆူလာရင် ပိန်းဥကိုအခွံခွာပြီး ထည့်လိုက်ပါ။ပြီးရင် နာရီဝက်လောက် ချက်ပြီးရင်တော့ အရသာရှိတဲ့ သက်သတ်လွတ် ဓနှပိန်းဥဟင်းကိုရရှိပါပြီ။မိတ်ဆွေတို့ ကြို က်နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်။

*********************************************************************************

Snow Nuရဲ့ Blog လေးကို ၀င်ရောက်ကြည့်ရှုပေးလို့ ကျေးဇူးတင်ပါတယ်။ဓနုဟင်းလျာကို လေ့လာချင်တဲ့မိတ်ဆွေတွေအတွက် Snow Nuရဲ့ Blogကို ထပ်မံဝင်ရောက်ပေးဖို့ ဖိတ်ခေါ်ပါတယ်။

*********************************************************************************

Saturday, August 17, 2019

ဓနုသဘောင်္သီးသုပ်လုပ်နည်း



ဒီနေ့တော့ ဓနု အစားအသောက်တွေထဲကမှ ဓနုသဘောင်္သီးသုပ်လုပ်နည်းကို ဝေမျှပေးလိုက်ပါတယ်။ မိတ်ဆွေတို့လည်း ပဲပုတ်ယနံ့လေးမွှေးမွှေးလေးမို့ ကြို က်ကြမယ်လို့ထင်ပါတယ်။

ပါဝင်တဲ့ပစ္စည်းတွေကတော့....................................................................................................................
(၁) သေဘာၤသီး
(၂) ပဲပုတ်
(၃) ပဲယင်း
(၄) အာလူး
(၅) ပဲအကျက်မှုန့်
(၆) မန်ကျည်းမှည့်ရည်
(၇) ငရုတ်သီးအကျက်မှုန့်
(၈) ဆား
(၉) အသားမှုန့် (သို့မဟုတ်) အချို မှုန့်
(၁၀) ကြက်သွန်ဖြူ ဆီသတ် (သို့မဟုတ်) ဂျူးမြစ်ဆီသတ်

အရင်ဆုံး သဘောင်္သီးကို အခွံခွာပြီး ခြစ်ထားလိုက်ပါ။ပြီးရင် ခြစ်ထားသောသဘောင်္သီးကို ရေစိမ်ထားလိုက်ပါ။

ပြီးရင် ပဲပုတ်ကို မီးကင်ပြီး ထောင်းထားလိုက်ပါ။

ပြီးရင် အာလူးကို ပြုတ်ပြီး အခွံခွာထားလိုက်ပါ။

ပြီးရင် ပဲယင်းကို ပြုတ်ထားလိုက်ပါ။

ပြီးရင်တော့ မန်းကျည်းမှည့်ကို ရေစိမ်ထားလိုက်ပါ။

ပြီးရင် ကြက်သွန်ဖြူ ကို ဆီသတ်ထားလိုက်ပါ။ဂျူးမြစ်ကိုဆီသတ်ပြီးထည့်နိုင်လျှင်တော့ ပိုပြီးကောင်းပါတယ်။ ကျွန်မကတော့ ဂျူးမြစ်ဆီသတ်ကို အသုံးပြုထားပါတယ်။

နောက်ပြီးရင်တော့ ရေစိမ်ပြီးခြစ်ထားသော သဘောင်္သီးကို ပန်းကန်ခွက်ထဲထည့်၊ ပဲပုတ်ထောင်းကိုထည့်၊ ပဲယင်းပြု တ်ကိုထည့်၊ အာလူးပြု တ်ကိုထည့်၊ ပဲအကျက်မှုန့်ကိုထည့်၊ မန်းကျည်းမှည့်ရည်ထည့်၊ ငရုတ်သီးအကျက်မှုန့်ကိုထည့်၊ ဆားထည့်၊ အသားမှုန့် (သို့မဟုတ်) အချို မှုန့်ထည့်၊ ကြက်သွန်ဖြူ ဆီသတ် (သို့မဟုတ်) ဂျူးမြစ်ဆီသတ်ကိုထည့်ပြီး သုတ်လိုက်ပါ။

ပဲပုတ်ယနံ့မွှေးမွှေးလေးနဲ့ အရသာရှိတဲ့ သဘောင်္သီးသုတ်ကို ရရှိသွားပါပြီ။

*********************************************************************************
Snow  Nuရဲ့ Blog ထဲကို ၀င်ရောက်ကြည့်ရှုပေးလို့ ကျေးဇူးတင်ပါတယ်။ဓနုဟင်းလျာကို လေ့လာချင်တယ်ဆိုရင်  Snow Nu ရဲ့ Blogကို ထပ်မံဝင်ရောက်ပေးဖို့ ဖိတ်ခေါ်ပါတယ်။

*********************************************************************************



Wednesday, August 14, 2019

ခါချဉ်ဥသုတ်လုပ်နည်း



ချဉ်ချဉ်ဆိမ့်ဆိမ့်နှင့် ထူးခြားသောအရသာကို စိတ်ဝင်စားတဲ့ မိတ်ဆွေတွေအတွက် ခါချဉ်ဥသုတ်လုပ်နည်းကို ဝေမျှပေးလိုက်ပါတယ်။ ခါချဉ်ဥသုတ်လို့ ပြောလိုက်တာနဲ့စိတ်ဝင်စားနေပြီလား။ တောင်ပေါ်ဒေသမှာဆိုရင် ခါချဉ်သုတ်ကို တောင်ပေါ်သူ၊ တောင်ပေါ်သားတွေအတွက် အကြိုက်ဆုံးအစားအစာထဲက တစ်ခုဖြစ်ပါတယ်။

ပါဝင်သောပစ္စည်းတွေက.............................................................................................................................
(၁) ခါချဉ်ဥ
(၂) မြေပဲ
(၃) ကြက်သွန်မြိတ် (သို့မဟုတ်) ကြက်သွန်နီ
(၄) ဆား
(၅) ကြက်သွန်ဖြူ ဆီသတ်
(၆) အသားမှုန့်(သို့မဟုတ်)အချို မှုန့်

အရင်ဆုံး ခါချဉ်ဥကို ရေနွးဖြင့် ငါးမိနစ်ကနေ ဆယ်မိနစ်ထိ စိမ်ထားလိုက်ပါ။ ပြီးရင် ခါချဉ်ဥကို ရေနွေးထဲ
ကနေ ထုတ်လိုက်ပါ။

ပြီးရင် မြေပဲကို မီးဖြင့်လှော်ထားလိုက်ပြီး ငရုပ်ဆုံထဲမှာ ထည့်ထောင်းထားလိုက်ပါ။

ပြီးရင် ကြက်သွန်မြိတ် (သို့မဟုတ်) ကြက်သွန်နီကို ပါးပါးလေးလှီးထားပေးပါ။

နောက်ဆုံး ပန်းကန်ခွက်ထဲကို ခါချဉ်ဥထည့်၊ မြေပဲထည့်၊ ကြက်သွန်မြိတ် (သို့မဟုတ်) ကြက်သွန်နီထည့်၊ ဆားထည့်၊ အသားမှုန့် (သို့မဟုတ်)အချို မှုန့်ထည့်၊ ကြက်သွန်ဖြူ ဆီသတ်ထည့်ပြီး သုတ်လိုက်ပါ။

မြေပဲကို ခါချဉ်ဥဖြင့် ဆတူထည့်ပေးရပါမယ်။ ချဉ်ချဉ်စိမ့်စိမ့်နဲ့ အရသာရှိတဲ့ ခါချဉ်ဥသုတ်ကို ရပါပြီ။

*********************************************************************************

ဓနုဟင်းလျာတွေကို ထပ်ပြီး လေ့လာချင်တယ်ဆိုရင်တော့ Snow Nu ရဲ့ Blog လေးကို ထပ်မံလာရောက်ဖို့ ဖိတ်ခေါ်ပါတယ်နော်။

********************************************************************************************************

Sunday, August 11, 2019

ပဲတောင့်ရှည် ထောင်းစားကြမယ်နော်!



နေရာ အတော်များများမှာ ပဲတောင့်ရှည်ကို ကြော်စား၊ ဟင်းချက်စားကြတာများတာကို တွေ့လေ့ရှိပါတယ်။ ဒါပေမယ့် ဓနုလူမျိုးအများစုကတော့ အခြားနေရာတွေမှာလို ကြော်စား၊ ချက်စားတာမျိုး မရှိသလောက်ပဲ ဖြစ်ပြီး အတော်များများကတော့ ပဲတောင့်ရှည်ကို ထောင်းစားလေ့ရှိကြပါတယ်။ ဒါကြောင့် ပဲတောင့်ရှည်ထောင်းနည်းကို တင်ပေးလိုက်ပါတယ်။

ပါဝင်သောပစ္စည်းတွေကတော့..................................................................................................................
(၁) ပဲတောင့်ရှည်
(၂) ပဲပုတ် (သို့မဟုတ်) မြေပဲ 
(၃) ငရုတ်သီးစိမ်း
(၄) ပင်စိမ်း
(၅) ဆား
(၆) အသားမှုန့် (သို့မဟုတ်)အချို မှုန့်
(၇) သံပုရာသီး

အရင်ဆုံး ပဲသီးကို 1.5 cm အရွယ်လောက် ပိုင်းဖြတ်ထားလိုက်ပါ။

ပြီးရင် ပဲပုတ်ကို မီးကင်ထားပါ။အခုပဲ ပဲတောင့်ရှည်ထောင်းနည်းကို ပဲပုတ်ဖြင့် ထောင်းပြမှာပါ။ မြေပဲဖြင့်ထောင်းမယ်ဆိုရင် မြေပဲကို လှော်ထားလိုက်ပါ။

ပြီးရင်တော့ ငရုတ်ဆုံထဲ ငရုတ်သီးစိမ်းကို လိုအပ်သလောက် အရင်ထည့်ပြီးထောင်းထားလိုက်ပါ။

ပြီးရင် ပဲပုတ်(သို့မဟုတ်)မြေပဲကို ထည့်ထောင်းပြီး ညှက်လာပြီဆိုရင် ပင်စိမ်းကို လိုသလောက်ထည့်ထောင်းလိုက်ပါ။ကျွန်မတော့ ပင်စိမ်းကိုအများကြီး မထည့်ပါဘူး။

ပြီးရင်ပိုင်းဖြတ်ထားသော ပဲတောင့်ရှည်ကိုတစ်ခါတည်း ထည့်ထောင်းလိုက်ပြီး ဆား၊ အသားမှုန့် (သို့မဟုတ်) အချို မှုန့်ကိုပါ ထည့်ထောင်းလိုက်ပါ။

ဆား၊ အသားမှုန့် (သို့) အချိုမှုန့်ကို ထည့်ချိန်မှာလည်း ကိုလိုချင်တဲ့အရသာမျိုး ရတဲ့ အထိ လိုသလို ထည့်နိုင်ပါတယ်။

ညှက်သွားပြီဆိုရင်အရသာရှိတဲ့ ပဲတောင့်ရှည်ထောင်းကိုရရှိပါပြီ။ ငရုတ်ဆုံထဲက ပဲတောင့်ရှည်ထောင်းကို ခူးခပ်ပြီးပြီဆိုရင် သံပုရာသီးကို ညှစ်ထည့်လိုက်ပါ။ ချဉ်ချဉ်စပ်စပ်လေးနဲ့ အရသာရှိတဲ့ ပဲတောင့်ရှည်ထောင်းကို မိတ်ဆွေတို့ ရရှိသွားပါပြီ။

*********************************************************************************

Snow ရဲ့ Blog ထဲကို လာရောက်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဓနု ဟင်းလျာချက်နည်းတွေကို ပိုပြီးသိချင်တယ်ဆိုရင်တော့ Snow ရဲ့ Blog ကို ထပ်မံ ရောက်လာဖို့ ဖိတ်ခေါ်ပါရစေနော်။ ... 💖

*********************************************************************************