စိတ်ဝင်စားမှု အများဆုံး
ခါချဉ်ဥသုတ်လုပ်နည်း
ချဉ်ချဉ်ဆိမ့်ဆိမ့်နှင့် ထူးခြားသောအရသာကို စိတ်ဝင်စားတဲ့ မိတ်ဆွေတွေအတွက် ခါချဉ်ဥသုတ်လုပ်နည်းကို ဝေမျှပေးလိုက်ပါတယ်။ ခါချဉ်ဥသုတ်လို့ ပြောလ...
Sunday, September 15, 2019
ငါးသံပုရာပေါင်းလုပ်နည်း
လူတိုင်းနီးပါး နှစ်သက်ကြတဲ့ ငါးသံပုရာပေါင်း ချက်နည်းလေးကို ပြောပြပေးချင်ပါတယ်။ သိပြီးသား သူတွေ အတွက်ကတော့ ကျော်သွားလို့ရပါတယ်။ မသိသေးတဲ့ သူတွေအတွက် ရည်ရွယ်ပါတယ်။
ပါဝင်သောပစ္စည်းတွေကတော့....................................................................................................................
(၁) စလားဗီးယားငါး (သို့မဟုတ်) ကကတစ်ငါး
(၂) ကြက်သွန်ဖြူ
(၃) ငရုတ်သီးစိမ်း
(၄) နံနံပင်
(၅) ဂျ င်း (သို့မဟုတ်) စပါးလင်
(၆) သံပုရာသီး
(၇) ပဲငံပြာရည်
(၈) ကြက်သားမှုန့်
(၉) သကြား (သို့မဟုတ်) အချို မှုန့်
(၁၀) ရေ
အရင်ဆုံး ငါးကို သန့်စင်ထားပါ။ ဂျင်းကို ထောင်းထားပါ။ ( ကျွ န်မတော့ ဂျင်းကိုပဲ သုံးထားပါတယ်။)
ပြီးတော့ သန့်စင်ထားသော ငါးပေါ်မှာ ထောင်းထားသောဂျင်းကို အရည်ညစ်ချလိုက်ပါ။ ပြီးရင် မိနစ် ၂၀ ခန့်ပေါင်းထားလိုက်ပါ။ ပေါင်းပြီး ငါးမှထွက်လာသော အရည်များကို သွန်ပစ်ပါ။ ( အညှီနံများ ပါသွားပါလိမ့်မည်။)
နောက်ပြီး ဒယ်အိုးတစ်ခုထဲကို ရေထည့်၊ ကြက်သားမှုန့်ထည့်၊ သကြား (သို့မဟုတ်) အချို မှုန့်ထည့်၊ ငံပြာရည်ထည့်၊ ကြက်သွန်ဖြူ နှင့် ငရုတ်သီးတို့ကို ထောင်းပြီးထည့် ဆူလာတဲ့အထိ တည်ထားပါ။ ကြက်သွန်ဖြူ နှင့် ငရုတ်သီး အနံ့မွှေးလာသည်အထိ တည်ပါ။ ငရုတ်သီး အနံ့မွှေးလာရင် မီးဖိုကို ပိတ်ပြီး သံပုရာသီးကို ညစ်ထည့်ပါ။ ( ချဉ်မချဉ်မြည်းကြည့်ပြီး သံပုရာသီးကို လိုသလောက်ထည့်ပါ။)
ပြီးရင်တော့ နံ့နံ့ပင်၊ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူ တို့ကို ဆတူငရုတ်ဆုံထဲ ထည့်ထောင်းပါ။ ပြီးရင် ပေါင်းထားသောငါးပေါ်မှာ ထောင်းထားသော နံ့နံ့ပင်၊ ငရုတ်သီး၊ ကြက်သွန်ဖြူ တို့ကို အုပ်ထားလိုက်ပါ။
နောက်ပြီး ပြုလုပ်ထားသော အရည်ကို ပေါင်းထားသော ငါးပေါ်ကို ဆမ်းလိုက်ပါ။
အရသာရှိရှိ ငါးသံပုရာပေါင်းကို သုံဆောင်နိုင်ပါပြီ။
*********************************************************************************
Snow Nu ရဲ့ Blog ကို ၀င်ရောက်ကြည့်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။နောက်ထပ်လည်း ဟင်းချက်နည်းအမျိုးမျိုးကို ထပ်ပြီး တင်ပေးအုန်းမှာမို့ ထပ်မံလာရောက်ပေးဖို့လည်း ဖိတ်ခေါ်ပါရစေနော်။
နောက် Post တစ်ခုမှာ ထပ်တွေ့မယ်နော်။
Subscribe to:
Post Comments (Atom)
-
လူတိုင်းနီးပါး နှစ်သက်ကြတဲ့ ငါးသံပုရာပေါင်း ချက်နည်းလေးကို ပြောပြပေးချင်ပါတယ်။ သိပြီးသား သူတွေ အတွက်ကတော့ ကျော်သွားလို့ရပါတယ်။ မသိသေးတဲ့...
-
ချဉ်ချဉ်ဆိမ့်ဆိမ့်နှင့် ထူးခြားသောအရသာကို စိတ်ဝင်စားတဲ့ မိတ်ဆွေတွေအတွက် ခါချဉ်ဥသုတ်လုပ်နည်းကို ဝေမျှပေးလိုက်ပါတယ်။ ခါချဉ်ဥသုတ်လို့ ပြောလ...
-
ဓနုလူမျိုးတွေကတော့ ပဲပုတ်ကို အမျိုးမျိုးလုပ်စားကြပါတယ်။ဓနုလူမျိုးတွေရဲ့အကြိုက်ဆုံးအစားအစာဆိုလည်း မမှားပါဘူး။ ဒီတစ်ခါတော့ ပဲပုတ်၊ ပင်စိ...

No comments:
Post a Comment