စိတ်ဝင်စားမှု အများဆုံး

ခါချဉ်ဥသုတ်လုပ်နည်း

ချဉ်ချဉ်ဆိမ့်ဆိမ့်နှင့် ထူးခြားသောအရသာကို စိတ်ဝင်စားတဲ့ မိတ်ဆွေတွေအတွက် ခါချဉ်ဥသုတ်လုပ်နည်းကို ဝေမျှပေးလိုက်ပါတယ်။ ခါချဉ်ဥသုတ်လို့ ပြောလ...

Tuesday, October 22, 2019

ပဲစောင်းလျားသီးသုပ်လုပ်နည်း

ထူးထူးဆန်းဆန်းအစားအစာ၊ အရသာမျိုးရှိတဲ့  ဓနုအစားအစာတစ်မျိုးလေးကို ဝေမျှ ပေးလိုက်ပါတယ်နော်။မိတ်ဆွေတို့ ကြို က်နှစ်သက်ကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။

ပါဝင်သောပစ္စည်းတွေကတော့....................................................................................................................

(၁) ပဲစောင်းလျားသီး

(၂) မြေပဲ

(၃) သံပုရာသီး

(၄) ဆား

(၅) အသားမှုန့် (သို့မဟုတ်) အချို မှုန့်

အရင်ဆုံး ပဲစောင်းလျားသီးကို ရေဆေးပြီး ပါးပါးလေးလှီးထားလိုက်ပါ။

ပြီးတော့ မြေပဲကို မီးမီးလေးဖြင့် လှော်ထားပြီး ငရုတ်ဆုံထဲ ထည့်ထောင်းထားလိုက်ပါ။

နောက်ပြီး ပါးပါးလှီးထားသော ပဲစောင်းလျားသီးကို ဇလုံထဲထည့်၊ ထောင်းထားသောမြေပဲထည့်၊ သံပုရာသီးထည့်၊ ဆားထည့်၊ အသားမှုန့်(သို့မဟုတ်) အချို မှုန့်ထည့်ပြီးသုတ်လိုက်ပါ။ အရသာရှိတဲ့ ပဲစောင်းလျားသုတ်ကို ရရှိပါပြီ။

*********************************************************************************

Snow Nu ရဲ့ Blog လေးကို လာရောက်ကြည့်ရှု့ပေးတဲ့ ကျေးဇူးတင်ပါတယ်။ နောက်ထပ်လည်း ဟင်းချက်နည်းအမျိုးမျိုးကို ထပ်ပြီးတင်ပေးအုန်းမှာမို့ ထပ်မံလာရောက်ပေးဖို့လည်း ဖိတ်ခေါ်ပါရစေ။

*********************************************************************************


No comments:

Post a Comment