စိတ်ဝင်စားမှု အများဆုံး

ခါချဉ်ဥသုတ်လုပ်နည်း

ချဉ်ချဉ်ဆိမ့်ဆိမ့်နှင့် ထူးခြားသောအရသာကို စိတ်ဝင်စားတဲ့ မိတ်ဆွေတွေအတွက် ခါချဉ်ဥသုတ်လုပ်နည်းကို ဝေမျှပေးလိုက်ပါတယ်။ ခါချဉ်ဥသုတ်လို့ ပြောလ...

Wednesday, August 14, 2019

ခါချဉ်ဥသုတ်လုပ်နည်း



ချဉ်ချဉ်ဆိမ့်ဆိမ့်နှင့် ထူးခြားသောအရသာကို စိတ်ဝင်စားတဲ့ မိတ်ဆွေတွေအတွက် ခါချဉ်ဥသုတ်လုပ်နည်းကို ဝေမျှပေးလိုက်ပါတယ်။ ခါချဉ်ဥသုတ်လို့ ပြောလိုက်တာနဲ့စိတ်ဝင်စားနေပြီလား။ တောင်ပေါ်ဒေသမှာဆိုရင် ခါချဉ်သုတ်ကို တောင်ပေါ်သူ၊ တောင်ပေါ်သားတွေအတွက် အကြိုက်ဆုံးအစားအစာထဲက တစ်ခုဖြစ်ပါတယ်။

ပါဝင်သောပစ္စည်းတွေက.............................................................................................................................
(၁) ခါချဉ်ဥ
(၂) မြေပဲ
(၃) ကြက်သွန်မြိတ် (သို့မဟုတ်) ကြက်သွန်နီ
(၄) ဆား
(၅) ကြက်သွန်ဖြူ ဆီသတ်
(၆) အသားမှုန့်(သို့မဟုတ်)အချို မှုန့်

အရင်ဆုံး ခါချဉ်ဥကို ရေနွးဖြင့် ငါးမိနစ်ကနေ ဆယ်မိနစ်ထိ စိမ်ထားလိုက်ပါ။ ပြီးရင် ခါချဉ်ဥကို ရေနွေးထဲ
ကနေ ထုတ်လိုက်ပါ။

ပြီးရင် မြေပဲကို မီးဖြင့်လှော်ထားလိုက်ပြီး ငရုပ်ဆုံထဲမှာ ထည့်ထောင်းထားလိုက်ပါ။

ပြီးရင် ကြက်သွန်မြိတ် (သို့မဟုတ်) ကြက်သွန်နီကို ပါးပါးလေးလှီးထားပေးပါ။

နောက်ဆုံး ပန်းကန်ခွက်ထဲကို ခါချဉ်ဥထည့်၊ မြေပဲထည့်၊ ကြက်သွန်မြိတ် (သို့မဟုတ်) ကြက်သွန်နီထည့်၊ ဆားထည့်၊ အသားမှုန့် (သို့မဟုတ်)အချို မှုန့်ထည့်၊ ကြက်သွန်ဖြူ ဆီသတ်ထည့်ပြီး သုတ်လိုက်ပါ။

မြေပဲကို ခါချဉ်ဥဖြင့် ဆတူထည့်ပေးရပါမယ်။ ချဉ်ချဉ်စိမ့်စိမ့်နဲ့ အရသာရှိတဲ့ ခါချဉ်ဥသုတ်ကို ရပါပြီ။

*********************************************************************************

ဓနုဟင်းလျာတွေကို ထပ်ပြီး လေ့လာချင်တယ်ဆိုရင်တော့ Snow Nu ရဲ့ Blog လေးကို ထပ်မံလာရောက်ဖို့ ဖိတ်ခေါ်ပါတယ်နော်။

********************************************************************************************************

No comments:

Post a Comment