စိတ်ဝင်စားမှု အများဆုံး

ခါချဉ်ဥသုတ်လုပ်နည်း

ချဉ်ချဉ်ဆိမ့်ဆိမ့်နှင့် ထူးခြားသောအရသာကို စိတ်ဝင်စားတဲ့ မိတ်ဆွေတွေအတွက် ခါချဉ်ဥသုတ်လုပ်နည်းကို ဝေမျှပေးလိုက်ပါတယ်။ ခါချဉ်ဥသုတ်လို့ ပြောလ...

Sunday, August 11, 2019

ပဲတောင့်ရှည် ထောင်းစားကြမယ်နော်!



နေရာ အတော်များများမှာ ပဲတောင့်ရှည်ကို ကြော်စား၊ ဟင်းချက်စားကြတာများတာကို တွေ့လေ့ရှိပါတယ်။ ဒါပေမယ့် ဓနုလူမျိုးအများစုကတော့ အခြားနေရာတွေမှာလို ကြော်စား၊ ချက်စားတာမျိုး မရှိသလောက်ပဲ ဖြစ်ပြီး အတော်များများကတော့ ပဲတောင့်ရှည်ကို ထောင်းစားလေ့ရှိကြပါတယ်။ ဒါကြောင့် ပဲတောင့်ရှည်ထောင်းနည်းကို တင်ပေးလိုက်ပါတယ်။

ပါဝင်သောပစ္စည်းတွေကတော့..................................................................................................................
(၁) ပဲတောင့်ရှည်
(၂) ပဲပုတ် (သို့မဟုတ်) မြေပဲ 
(၃) ငရုတ်သီးစိမ်း
(၄) ပင်စိမ်း
(၅) ဆား
(၆) အသားမှုန့် (သို့မဟုတ်)အချို မှုန့်
(၇) သံပုရာသီး

အရင်ဆုံး ပဲသီးကို 1.5 cm အရွယ်လောက် ပိုင်းဖြတ်ထားလိုက်ပါ။

ပြီးရင် ပဲပုတ်ကို မီးကင်ထားပါ။အခုပဲ ပဲတောင့်ရှည်ထောင်းနည်းကို ပဲပုတ်ဖြင့် ထောင်းပြမှာပါ။ မြေပဲဖြင့်ထောင်းမယ်ဆိုရင် မြေပဲကို လှော်ထားလိုက်ပါ။

ပြီးရင်တော့ ငရုတ်ဆုံထဲ ငရုတ်သီးစိမ်းကို လိုအပ်သလောက် အရင်ထည့်ပြီးထောင်းထားလိုက်ပါ။

ပြီးရင် ပဲပုတ်(သို့မဟုတ်)မြေပဲကို ထည့်ထောင်းပြီး ညှက်လာပြီဆိုရင် ပင်စိမ်းကို လိုသလောက်ထည့်ထောင်းလိုက်ပါ။ကျွန်မတော့ ပင်စိမ်းကိုအများကြီး မထည့်ပါဘူး။

ပြီးရင်ပိုင်းဖြတ်ထားသော ပဲတောင့်ရှည်ကိုတစ်ခါတည်း ထည့်ထောင်းလိုက်ပြီး ဆား၊ အသားမှုန့် (သို့မဟုတ်) အချို မှုန့်ကိုပါ ထည့်ထောင်းလိုက်ပါ။

ဆား၊ အသားမှုန့် (သို့) အချိုမှုန့်ကို ထည့်ချိန်မှာလည်း ကိုလိုချင်တဲ့အရသာမျိုး ရတဲ့ အထိ လိုသလို ထည့်နိုင်ပါတယ်။

ညှက်သွားပြီဆိုရင်အရသာရှိတဲ့ ပဲတောင့်ရှည်ထောင်းကိုရရှိပါပြီ။ ငရုတ်ဆုံထဲက ပဲတောင့်ရှည်ထောင်းကို ခူးခပ်ပြီးပြီဆိုရင် သံပုရာသီးကို ညှစ်ထည့်လိုက်ပါ။ ချဉ်ချဉ်စပ်စပ်လေးနဲ့ အရသာရှိတဲ့ ပဲတောင့်ရှည်ထောင်းကို မိတ်ဆွေတို့ ရရှိသွားပါပြီ။

*********************************************************************************

Snow ရဲ့ Blog ထဲကို လာရောက်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဓနု ဟင်းလျာချက်နည်းတွေကို ပိုပြီးသိချင်တယ်ဆိုရင်တော့ Snow ရဲ့ Blog ကို ထပ်မံ ရောက်လာဖို့ ဖိတ်ခေါ်ပါရစေနော်။ ... 💖

*********************************************************************************

No comments:

Post a Comment