ပါဝင်တဲ့ပစ္စည်းတွေကတော့ ..............................................................................................................
(၁) ဆန်မှုန့်
(၂) ဂျူးဖူး
(၃) ခရမ်းချဉ်သီး
(၄) ဌက်ပျောရွက်
(၅) ဆား
(၆) အသားမှုန့် (သို့မဟုတ်) ကြက်သားမှုန့်
အရင်ဆုံး ဆန်မှုန့်ကို ရှမ်းဆန်မှုန့်နှင့် ဗမာဆန်မှုန့် (ဓနုအခေါ်)တို့ကို တစ်ဝက်စီရောစပ်ထားပြီး ပြု လုပ်မယ်ဆို ပိုပြီးအရသာကောင်းပါတယ်။ ဗမာဆန်မှုန့် (ဓနုအခေါ်)တစ်မျိုးတည်းသုံးလည်း အရသာရှိပါတယ်။ ကျွန်မကတော့ တစ်ဝက်စီရောထားသော ရှမ်းဆန့်မှုန့်နှင့် ဗမာဆန်မှုန့် (ဓနုအခေါ်)ကို အသုံးပြုပြီးချက်နည်းကို တင်ပေးလိုက်ပါတယ်။
ပြီးရင် ဂျူးဖူးကို ရေအရင်ဆေးပြီးတော့ 1cm အနေလောက် လှီးထားလိုက်ပါ။
ပြီးလျှင် ဌက်ပျောရွက်ကို ခူး၊ ရေဆေးပြီး နေအရင် ခဏလှမ်းထားပေးပါ။အခုချိန်က မိုးရာသီဆိုတော့ ဌက်ပျောရွက်ကို နေလှမ်းဖို့ အဆင်မပြေတဲ့အခါ မီးကင်လိုက်ပါ။ဌက်ပျောရွက်ကို ဘာကြောင့်နေလှမ်း၊ မီးကင်တာလဲဆိုရင် ဟင်းထုတ် ထုတ်တဲ့အခါ ငှတ်ပျောရွက်တွေက ကျွတ်ဆတ်နေမယ်ဆိုရင် ထုတ်ရခက်တယ်။ ဒါကြောင့် နေလှမ်း (သို့) မီးကင်းလိုက်ရင် ပျော့ပြီးတော့ ဟင်းထုတ် ထုတ်တဲ့အခါ ပိုမိုလွယ်ကူ အဆင်ပြေမှာ ဖြစ်ပါတယ်။ ထုတ်ပြီးသား ဟင်းထုတ်တွေလည်း မပေါက်ပြဲတော့ပါဘူး။
ပြီးရင်တော့ ဇလုံထဲ ဆန်မှုန့်နှင့် ဂျူးဖူးတို့ကို ရောသမမွေထားလိုက်ပါ။ တစ်ခါတည်း ခရမ်းချဉ်သီးတစ်လုံး၊ ဆား၊ အသားမှုန့် (သို့မဟုတ်) ကြက်သားမှုန့်ထည့်ပြီး ရောသမမွေလိုက်ပါ။
နောက်ပြီးရောစပ်ထားသော ဆန်မှုန့်နှင့် ဂျူးဖူး(ဟင်းထုတ်အစာ)ကို နေလှမ်း (သို့) မီးကင်ထားသော ဌက်ပျောရွက်ထဲ ထည့်ပြီး ထုတ်လိုက်ပါ။
ပြီးရင် ပေါင်းအိုးထဲ ထည့်ပြီးပေါင်းလိုက်ပါ။
နာရီဝက်ကနေ လေးဆယ့်ငါးမိနစ်လောက် ပေါင်းပြီးရင် အရသာရှိတဲ့ ဟင်းထုတ်လေးရရှိပါပြီ။ဂျူးမြစ်၊ ငရှတ်သီးဆီသတ်(သို့) ကြော် တွဲစားရင် ပိုပြီးအရသာကောင်းပါတယ်။
ဆီချက်လုပ်ထားတဲ့ ကြက်သွန်ဖြူကိုလည်း ဟင်းထုတ်ပေါ်မှာ ထည့်ပြီးစား ရင်ပိုပြီး အရသာရှိပါတယ်။
*********************************************************************************
Blog လေးကို လာရောက်ပေးတဲ့ အတွက် အထူးကျေးဇူးတင်ပါတယ်။ ဒီ့ထက်ပိုပြီး စိတ်ဝင်စားဖို့ ကောင်းတဲ့ ဟင်းချက်နည်းတွေကို ထပ်ပြီးလေ့လာချင်တယ်၊ သိချင်တယ်ဆိုရင်တော့ Snow ရဲ့ Blog လေးကို ထပ်မံ လာရောက်ဖို့ ဖိတ်ခေါ်ပါရစေနော် ..... 💖
*********************************************************************************
No comments:
Post a Comment