စိတ်ဝင်စားမှု အများဆုံး

ခါချဉ်ဥသုတ်လုပ်နည်း

ချဉ်ချဉ်ဆိမ့်ဆိမ့်နှင့် ထူးခြားသောအရသာကို စိတ်ဝင်စားတဲ့ မိတ်ဆွေတွေအတွက် ခါချဉ်ဥသုတ်လုပ်နည်းကို ဝေမျှပေးလိုက်ပါတယ်။ ခါချဉ်ဥသုတ်လို့ ပြောလ...

Wednesday, August 7, 2019

ဘားအံမြို့ ရှိ ကွတ်တီယိုဆိုင်




ပေးရတဲ့ဈေးနဲ့လည်း တန်တယ်၊ ဘားအံတစ်ြမို့ နယ်လုံးမှာရှိတဲ့ စားသောက်ဆိုင်တွေထက် အရသာကောင်းတယ်၊ ထိုင်းနိုင်ငံဘန်ကောက်မြို့ ရှိတဲ့ စားသောက်ဆိုင်တွေလောက် လက်ရာကောင်းတဲ့အစားအစာတစ်ခုခုကိုသာ မိတ်ဆက်ပေးမယ်ဆိုရင် မိတ်ဆွေတို့စိတ်ဝင်စားမလား။
ဘားအံမြို့ ရဲ့ မကမ်းမလှမ်းမှာရှိတဲ့ ဆယ်မိနစ်ကနေ ဆယ့်ငါးမိနစ်လောက် ဆိုင်ကယ် (သို့မဟုတ်) ကားဖြင့်မောင်းလျှင် ကရင်အမိုးရဲ့ ကွတ်တီယိုဆိုင်သို့ရောက်ပါပြီ။
အမိုးရဲ့ကွတ်တီယိုဟာဆိုရင် စေတနာဖြင့် ချက်ပြုတ်ပေးလို့ တစ်ခါစားပြီးသူတိုင်း နောက်တစ်ခါပြန်ဆွဲဆောင်နိုင်တဲ့ လက်ရာ၊ လျှာပေါ်မှာ စွဲကျန်နေတဲ့အရသာရှိတဲ့ဆိုင်လေးကို သွားစားပေးဖို့မိတ်ဆက်ပေးလိုက်ပါတယ်။
ဆိုင်နေရာ.......ဇွဲ့ကပင်တောင်ခြေ (တော်ပုံဘက်ခြမ်း) အ၀င်ပေါက်ဝ
ဆိုင်နာမည်မရှိပါ။

No comments:

Post a Comment