Zawgyi Font
ဓနုရိုးရာအစားအစာကို ၾကိဳ က္နွစ္သက္သူေတြအတြက္ ဓနုငါးထမင္းနယ္ခ်က္နည္းေလးကို တင္ေပးလိုက္ပါတယ္။
*********************************************************************************
ပါ၀င္ေသာအမယ္ပစၥည္းေတြကေတာ့........
(၁) ငါးၾကင္း
(၂) ခရမ္းခ်ဥ္သီး
(၃) စပါးလင္
(၄) ၾကက္သြန္နီ
(၅) ၾကက္သြန္ျဖဴ
(၆) ဆန္ (ရွမ္းဆန္ ဆိုပိုသင့္ေတာ္ပါတယ္။)
(၇) ဆီ
(၈) ဆား
(၉) အသားမႈန္႔ (သို့မဟုတ္) အခ်ိဳ မႈန္႔
(၁၀) သံပရာသီး
(၁၁)ငရုတ္သီး
(၁၂)ဂ်ဴ းျမစ္ (သို့မဟုတ္) နံနံပင္
(၁၃) နႏြင္းမႈန္႔
*********************************************************************************
* ပထမဦးဆံုး ဆန္ကိုေရေဆးျပီး ေပါင္းအိုးထဲမွာထည့္ခ်က္လိုက္ပါ။
* ၿပီးေတာ့ ငါးက်င္း (ငါး)ကို ေရထဲထည့္ၿပီး စပါးလင္ပါ တစ္ခါတည္း ထည့္ျပဳ တ္လိုက္ပါ။
* ၿပီးသြားရင္ေတာ့ ဟင္းအနွစ္ကို ခ်က္ရပါမယ္။ ၾကက္သြန္ျဖဴ အေသးနွစ္လံုးေလာက္အခြံကိုခြာျပီး ေထာင္းလိုက္ပါ။ ၾကက္သြန္နီသံုးလံုး (ဗမာမ်ိဳ း ဆိုပိုသင့္ေတာ္ပါတယ္။) ကိုအခြံခြာျပီး ပါးပါးလီွးထားေပးပါ။ ခရမ္းခ်ဥ္သီး (၅) လံုးကိုလည္း ပါးပါးလွီးထားေပးပါ။ ဟင္းအနွစ္ကို စခ်က္ပါမယ္။ မီးေအးေအးေလးျဖင့္ ဒယ္အိုးထဲဆီကိုအေနေတာ္ေလးထည့္ ဆီပူလာရင္နႏြင္းမွုန့္ကို လက္ဖက္ရည္ဇြန္းတစ္၀က္ထည့္၊ ေထာင္းထားေသာၾကက္သြန္ျဖဴ ကိုထည့္၊ ပါးပါးေလးလွီးထားေသာၾကက္သြန္နီကိုထည့္ နွစ္ၾကိမ္ေလာက္ေမြျပီးရင္ ပါးပါးလွီးထားေသာ ခရမ္းခ်ဥ္သီးကိုထည့္ ရွစ္မိနစ္ေလာက္ေမြေႏွာက္ျပီးရင္ေတာ့ ဟင္းအနွစ္ကိုရသြားပါျပီ။
* ၿပီးရင္ ျပဳတ္ထားတဲ့ငါး နူးလာျပီဆိုရင္ အရိုးဖယ္ပါမယ္။
* ၿပီးသြားရင္ေတာ့ ခ်က္ထားတဲ့ထမင္း နည္းနည္းအေအးခံျပီး ငါး၊ ဟင္းအနွစ္၊ ဆား၊ အသားမွုန့္ (သို့မဟုတ္) အခ်ိဳ မွုန့္တိုကိုထည့္ ေရာေမြလိုက္ပါ။
ေရာေမြထားေသာ ငါးထမင္းနယ္ေပၚတြင္ ၾကက္သြန္နီဆီသတ္ကိုထည့္၊ သံပုရာသ္ီးညွစ္ထည့္ျပီးလွ်င္ ငါးထမင္းနယ္ကို အသင့္စားလို့ရပါျပီ။ ေၾကာ္ထားေသာ ငရုတ္သီးေတာင့္နွင့္ ဂ်ဴ းျမစ္ (သို့မဟုတ္) နံနံပင္တို့ျဖင့္ တြဲစားလွ်င္ ပိုျပီးလိုက္ဖက္အရသာကိုရရွိလိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။
*********************************************************************************
Snow Nu ရဲ့ blog ေလးကို လာေရာက္ ေပးတဲ့ အတြက္ ေက်းဇူးတင္ပါတယ္။ ေနာက္ထပ္လည္း ဟင္းခ်က္နည္းမ်ိဴ း မ်ိဴ း ကို ထပ္ၿပီး တင္ေပးအုန္းမွာမို႔ ထပ္မံလာေရာက္ေပးဖို႔လည္း ဖိတ္ေခၚပါရေစေနာ္။
ေနာက္ Post တစ္ခုမွာ ထပ္ေတြ႕မယ္ေနာ္။
Unicode Font
ဓနုရိုးရာအစားအစာကို ကြို က်နှစ်သက်သူတွေအတွက် ဓနုငါးထမင်းနယ်ချက်နည်းလေးကို တင်ပေးလိုက်ပါတယ်။
*********************************************************************************
ပါဝင်သောအမယ်ပစ္စည်းတွေကတော့........
(၁) ငါးကြင်း
(၂) ခရမ်းချဉ်သီး
(၃) စပါးလင်
(၄) ကြက်သွန်နီ
(၅) ကြက်သွန်ဖြူ
(၆) ဆန် (ရှမ်းဆန် ဆိုပိုသင့်တော်ပါတယ်။)
(၇) ဆီ
(၈) ဆား
(၉) အသားမှုန့် (သို့မဟုတ်) အချို မှုန့်
(၁၀) သံပရာသီး
(၁၁)ငရုတ်သီး
(၁၂)ဂျူ းမြစ် (သို့မဟုတ်) နံနံပင်
(၁၃) နနွင်းမှုန့်
*********************************************************************************
* ပထမဦးဆုံး ဆန်ကိုရေဆေးပြီး ပေါင်းအိုးထဲမှာထည့်ချက်လိုက်ပါ။
* ပြီးတော့ ငါးကျင်း (ငါး)ကို ရေထဲထည့်ပြီး စပါးလင်ပါ တစ်ခါတည်း ထည့်ပြု တ်လိုက်ပါ။
* ပြီးသွားရင်တော့ ဟင်းအနှစ်ကို ချက်ရပါမယ်။ ကြက်သွန်ဖြူ အသေးနှစ်လုံးလောက်အခွံကိုခွာပြီး ထောင်းလိုက်ပါ။ ကြက်သွန်နီသုံးလုံး (ဗမာမျို း ဆိုပိုသင့်တော်ပါတယ်။) ကိုအခွံခွာပြီး ပါးပါးလှီးထားပေးပါ။ ခရမ်းချဉ်သီး (၅) လုံးကိုလည်း ပါးပါးလှီးထားပေးပါ။ ဟင်းအနှစ်ကို စချက်ပါမယ်။ မီးအေးအေးလေးဖြင့် ဒယ်အိုးထဲဆီကိုအနေတော်လေးထည့် ဆီပူလာရင်နနွင်းမှုန့်ကို လက်ဖက်ရည်ဇွန်းတစ်ဝက်ထည့်၊ ထောင်းထားသောကြက်သွန်ဖြူ ကိုထည့်၊ ပါးပါးလေးလှီးထားသောကြက်သွန်နီကိုထည့် နှစ်ကြိမ်လောက်မွေပြီးရင် ပါးပါးလှီးထားသော ခရမ်းချဉ်သီးကိုထည့် ရှစ်မိနစ်လောက်မွေနှောက်ပြီးရင်တော့ ဟင်းအနှစ်ကိုရသွားပါပြီ။
* ပြီးရင် ပြုတ်ထားတဲ့ငါး နူးလာပြီဆိုရင် အရိုးဖယ်ပါမယ်။
* ပြီးသွားရင်တော့ ချက်ထားတဲ့ထမင်း နည်းနည်းအအေးခံပြီး ငါး၊ ဟင်းအနှစ်၊ ဆား၊ အသားမှုန့် (သို့မဟုတ်) အချို မှုန့်တိုကိုထည့် ရောမွေလိုက်ပါ။
ရောမွေထားသော ငါးထမင်းနယ်ပေါ်တွင် ကြက်သွန်နီဆီသတ်ကိုထည့်၊ သံပုရာသ်ီးညှစ်ထည့်ပြီးလျှင် ငါးထမင်းနယ်ကို အသင့်စားလို့ရပါပြီ။ ကြော်ထားသော ငရုတ်သီးတောင့်နှင့် ဂျူ းမြစ် (သို့မဟုတ်) နံနံပင်တို့ဖြင့် တွဲစားလျှင် ပိုပြီးလိုက်ဖက်အရသာကိုရရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
*********************************************************************************
Snow Nu ရဲ့ blog လေးကို လာရောက် ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ နောက်ထပ်လည်း ဟင်းချက်နည်းမျိူ း မျိူ း ကို ထပ်ပြီး တင်ပေးအုန်းမှာမို့ ထပ်မံလာရောက်ပေးဖို့လည်း ဖိတ်ခေါ်ပါရစေနော်။
နောက် Post တစ်ခုမှာ ထပ်တွေ့မယ်နော်။
No comments:
Post a Comment