စိတ်ဝင်စားမှု အများဆုံး

ခါချဉ်ဥသုတ်လုပ်နည်း

ချဉ်ချဉ်ဆိမ့်ဆိမ့်နှင့် ထူးခြားသောအရသာကို စိတ်ဝင်စားတဲ့ မိတ်ဆွေတွေအတွက် ခါချဉ်ဥသုတ်လုပ်နည်းကို ဝေမျှပေးလိုက်ပါတယ်။ ခါချဉ်ဥသုတ်လို့ ပြောလ...

Saturday, August 17, 2019

ဓနုသဘောင်္သီးသုပ်လုပ်နည်း



ဒီနေ့တော့ ဓနု အစားအသောက်တွေထဲကမှ ဓနုသဘောင်္သီးသုပ်လုပ်နည်းကို ဝေမျှပေးလိုက်ပါတယ်။ မိတ်ဆွေတို့လည်း ပဲပုတ်ယနံ့လေးမွှေးမွှေးလေးမို့ ကြို က်ကြမယ်လို့ထင်ပါတယ်။

ပါဝင်တဲ့ပစ္စည်းတွေကတော့....................................................................................................................
(၁) သေဘာၤသီး
(၂) ပဲပုတ်
(၃) ပဲယင်း
(၄) အာလူး
(၅) ပဲအကျက်မှုန့်
(၆) မန်ကျည်းမှည့်ရည်
(၇) ငရုတ်သီးအကျက်မှုန့်
(၈) ဆား
(၉) အသားမှုန့် (သို့မဟုတ်) အချို မှုန့်
(၁၀) ကြက်သွန်ဖြူ ဆီသတ် (သို့မဟုတ်) ဂျူးမြစ်ဆီသတ်

အရင်ဆုံး သဘောင်္သီးကို အခွံခွာပြီး ခြစ်ထားလိုက်ပါ။ပြီးရင် ခြစ်ထားသောသဘောင်္သီးကို ရေစိမ်ထားလိုက်ပါ။

ပြီးရင် ပဲပုတ်ကို မီးကင်ပြီး ထောင်းထားလိုက်ပါ။

ပြီးရင် အာလူးကို ပြုတ်ပြီး အခွံခွာထားလိုက်ပါ။

ပြီးရင် ပဲယင်းကို ပြုတ်ထားလိုက်ပါ။

ပြီးရင်တော့ မန်းကျည်းမှည့်ကို ရေစိမ်ထားလိုက်ပါ။

ပြီးရင် ကြက်သွန်ဖြူ ကို ဆီသတ်ထားလိုက်ပါ။ဂျူးမြစ်ကိုဆီသတ်ပြီးထည့်နိုင်လျှင်တော့ ပိုပြီးကောင်းပါတယ်။ ကျွန်မကတော့ ဂျူးမြစ်ဆီသတ်ကို အသုံးပြုထားပါတယ်။

နောက်ပြီးရင်တော့ ရေစိမ်ပြီးခြစ်ထားသော သဘောင်္သီးကို ပန်းကန်ခွက်ထဲထည့်၊ ပဲပုတ်ထောင်းကိုထည့်၊ ပဲယင်းပြု တ်ကိုထည့်၊ အာလူးပြု တ်ကိုထည့်၊ ပဲအကျက်မှုန့်ကိုထည့်၊ မန်းကျည်းမှည့်ရည်ထည့်၊ ငရုတ်သီးအကျက်မှုန့်ကိုထည့်၊ ဆားထည့်၊ အသားမှုန့် (သို့မဟုတ်) အချို မှုန့်ထည့်၊ ကြက်သွန်ဖြူ ဆီသတ် (သို့မဟုတ်) ဂျူးမြစ်ဆီသတ်ကိုထည့်ပြီး သုတ်လိုက်ပါ။

ပဲပုတ်ယနံ့မွှေးမွှေးလေးနဲ့ အရသာရှိတဲ့ သဘောင်္သီးသုတ်ကို ရရှိသွားပါပြီ။

*********************************************************************************
Snow  Nuရဲ့ Blog ထဲကို ၀င်ရောက်ကြည့်ရှုပေးလို့ ကျေးဇူးတင်ပါတယ်။ဓနုဟင်းလျာကို လေ့လာချင်တယ်ဆိုရင်  Snow Nu ရဲ့ Blogကို ထပ်မံဝင်ရောက်ပေးဖို့ ဖိတ်ခေါ်ပါတယ်။

*********************************************************************************



No comments:

Post a Comment