စိတ်ဝင်စားမှု အများဆုံး

ခါချဉ်ဥသုတ်လုပ်နည်း

ချဉ်ချဉ်ဆိမ့်ဆိမ့်နှင့် ထူးခြားသောအရသာကို စိတ်ဝင်စားတဲ့ မိတ်ဆွေတွေအတွက် ခါချဉ်ဥသုတ်လုပ်နည်းကို ဝေမျှပေးလိုက်ပါတယ်။ ခါချဉ်ဥသုတ်လို့ ပြောလ...

Sunday, August 18, 2019

သက်သတ်လွတ်ဓနုပိန်းဥဟင်းချက်နည်း



သက်သတ်လွတ် အစားအစာကို ကြိုက်တဲ့ သူတွေအတွက် အရသာလည်းရှိပြီး ချက်ရတာမပင်ပန်းစေဘဲနဲ့ လူမျိုးမရွေးစားသုံးလို့ရတဲ့ ဓနုပိန်းဥဟင်းချက်နည်းကို တင်ပေးလိုက်ပါတယ်။

ပါဝင်တဲ့ပစ္စည်းကတော့...............................................................................................................................
(၁) ပိန်းဥ
(၂) မြေပဲ
(၃) ရေ
(၄) ကြက်သွန်နီ
(၅) ကြက်သွန်ဖြူ
(၆) ခရမ်းချဉ်သီး
(၇) ဆား
(၈) နနွင်းမှုန့်
(၉)အသားမှုန့် (သို့မဟုတ်) အချို မှုန့်

အရင်ဆုံး မီးဖိုပေါ်ကို ဒယ်အိုးတင်လိုက်ပါ။ တင်ထားသောဒယ်အိုးထဲ ရေကိုလိုသလောက်ထည့်လိုက်ပါ။

ပြီးရင် ရေထည့်ထားသောဒယ်အိုးထဲမှာ နနွင်းမှုန့်ကို နည်းနည်းလောက်ထည့်လိုက်ပါ။

ပြီးရင်တော့ ကြက်သွန်ဖြူ ကိုလည်း အခွံခွာပြီး ထောင်းထည့်လိုက်ပါ။ကြက်သွန်ဖြူ အသေး တစ်လုံးခွဲလောက်ထည့်လိုက်ပါ။

ပြီးရင် ကြက်သွန်နီအလုံးလတ်နှစ်လုံးလောက် အခွံခွာပြီး ပါးပါးလှီးထည့်လိုက်ပါ။

ပြီးရင် မြေပဲစေ့ နှစ်ဆယ်ငါးစေ့လောက် ထောင်းပြီးထည့်လိုက်ပါ။

ပြီးရင် ခရမ်းချဉ်သီးကိုလည်း နှစ်လုံးလောက် ပါးပါးလေးလှီးပြီး ထည့်လိုက်ပါ။

ပြီးရင်လည်း ဆားနှင့် အသားမှုန့် (သို့မဟုတ်) အချို မှုန့်ကို တစ်ခါတည်းထည့်လိုက်ပြီး ရေဆူလာတဲ့အထိ စောင့်လိုက်ပါ။

နောက်ဆုံး ရေဆူလာရင် ပိန်းဥကိုအခွံခွာပြီး ထည့်လိုက်ပါ။ပြီးရင် နာရီဝက်လောက် ချက်ပြီးရင်တော့ အရသာရှိတဲ့ သက်သတ်လွတ် ဓနှပိန်းဥဟင်းကိုရရှိပါပြီ။မိတ်ဆွေတို့ ကြို က်နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်။

*********************************************************************************

Snow Nuရဲ့ Blog လေးကို ၀င်ရောက်ကြည့်ရှုပေးလို့ ကျေးဇူးတင်ပါတယ်။ဓနုဟင်းလျာကို လေ့လာချင်တဲ့မိတ်ဆွေတွေအတွက် Snow Nuရဲ့ Blogကို ထပ်မံဝင်ရောက်ပေးဖို့ ဖိတ်ခေါ်ပါတယ်။

*********************************************************************************

No comments:

Post a Comment